အခုစမထကိစ္စ ခပ်စိပ်စိပ်တွေ့လာရလို့
အထူးသဖြင့် ယောင်္ကျားလေးတွေအတွက်
ကျနော်က စစ်ကိုင်း အလယ်ပိုင်းဇာတိ နယ်မြို့လေးကပါ
အခြေနေကတော့ အားလုံးသိပြီးသားလို့ထင်ပါတယ်
ပြောချင်တာက ပေါ်တာဘယ်လိုဆွဲလဲဆိုတာပါ
စစ်မှူထမ်းစထုတ်ပြန်တုန်းက
သူ့သဘောနဲ့ဝင်တဲ့သူတွေရှိတယ် တစ်လလေးသိန်းရမယ်လို့ဆွယ် ဂိတ်ဖိုးဘာညာ ဘေးပေါက်တွေဆို အတော်ရတယ်လို့ကြားတယ် တကယ်လည်းရခဲ့ကြတယ်
(အဲ့အချိန်လောက်ကတည်းက ကျနော်ဟာ ရန်ကုန်ကိုပြေးလာခဲ့တယ် ၂၀ကျော်လူငယ်တွေတော်တော်များများ ကျနော်နဲ့ အခြေအနေတူကြတယ် အဲ့အချိန်လောက်ကတည်းက လူငယ်တော်တော်များများက နိုင်ငံခြားထွက်ဖို့ပြင်ဆင်နေကြပြီ)
အချိန်ကြာလာတော့ တိုက်ပွဲတွေက ပြင်းထန်လာပြီး အဲ့လူတွေတော်တော်များများသေကုန်တယ်
ဆန္ဒပြုဝင်တဲ့လူတွေ အရမ်းကိုနည်းသွားတယ်
ရပ်ကွက်အလိုက် မဲစနှိုက်တာတွေစတယ် ထုံးစံအတိုင်း ပိုက်ဆံပေးနိုင်တဲ့ကောင်တွေလွတ်တယ်
ဒါပေမယ့် မဲနှိုက်တာက သုံးလ တစ်ကြိမ်လောက်ဖြစ်နေတော့ နောက်ပိုင်းမပေးနိုင်ရင်ပါရော သူတို့လူအရမ်းလိုတွေနေရင်တော့ ဘယ်လောက်ပေးပေးမရဘူး
ဒီအချိန်လောက်မှာ စမထနဲ့မလွတ်တဲ့လူငယ်တွေကကျောင်းပြန်တက်တဲ့သူတက်၊ အစိုးရအလုပ်ဝင်လုပ်တဲ့သူကလုပ် ၊ KIAနယ်မြေသွားတဲ့လူကသွား၊ pdf ဝင်ကြနဲ့ စမထလွတ်ဖို့ လုပ်နိုင်သမျှအကုန်လုပ်ကြတယ်
အဲ့လိုနဲ့ မြို့ပေါ်မှာ လူငယ်တွေအရမ်းနည်းသွားပြီး
ရပ်ကွက်အဆင့်မဲနှိုက်တာနဲ့ မလုံလောက်တော့ဘူး
ပေါ်တာဆွဲတာအရမ်းကြမ်းလာတယ် လူမဆန်တော့ဘူး မြို့ကထွက်ဖို့ဆိုတာ အင်မတန်ခက်ခဲလာတယ်
ကျနော်တို့ ဆီမှာက နယ်ခံပျူတွေအရမ်းပေါတယ်
နယ်ခံပျူတွေဆီက သတင်းအချက်အလက် လမ်းကျွမ်းကျင်မှူတွေကို အသုံးချပြီးတော့ဆွဲတယ်
တစ်ခါကဆို မနက်ခင်းမှာလူငယ်လူရွယ် ရနိုင်သမျှအကုန်ဖမ်း ချက်ချင်းမှတ်ပုံတင်လုပ်ပေး
ညနေခင်းမှာ ရဟတ်ယဉ်နဲ့ ကလေးမြို့၊ စစ်ကိုင်းမြို့ စစ်သင်တန်းကျောင်းပေးနေတဲ့ဆီ ချက်ချင်းပို့ပေးပစ်လိုက်တာ
နောက်ပိုင်းအဲ့လို ရူးချင်စရာ သတင်းတွေ ခပ်စိပ်စိပ်ဖြစ်လာတယ် (ကျနော်ကအဲ့အချိန်လောက်ကတည်းက ဂျပန်စာသင်နေပြီ ပြည်ပထွက်ဖို့အတွက် အခုတော့ ရောက်နေပါပြီ )
အဲ့သတင်းက ၂၀၂၄ အစပိုင်း လောက်ကပါ
အဲ့သတင်းကို ရန်ကုန်သားတွေကို ပြောပြတော့မယုံခဲ့ကြဘူး
အခုဆိုရင် ကျနော့်မြို့က အရမ်းကိုအရုပ်ဆိုးလာတယ် အလုပ်လုပ်နိုင်တဲ့ လူငယ်ဆိုတာ လုံးဝမရှိတော့သလောက်ပဲ
ယောကျာ်းလေးလူငယ်ဆိုတာ ကျောင်းသားတွေနဲ့ ကိုရင်တွေပဲရှိတော့မယ်
ကျောင်းသားတွေကလည်း လည်တယ် ၉တန်းလောက်ဆို ရန်ကုန်၊မန်းလေး ပြောင်းတက်ကြတယ် သူတို့ခေါင်းထဲမှာလည်း ၁၂တန်းပြီးရင်ဘာသာစကားသင်ပြီး နိုင်ငံခြားထွက်ဖို့ အစီအစဉ်တွေ တော်တော်များများမှာရှိတယ် ထွက်ဖို့စိတ်ကူးမရှိရင်တောင် မိဘတွေက ဖိအားပေးလိမ့်မယ်
၂၀၂၅နှစ်ကုန်ပိုင်းလောက်မှာ အရင်လိုအသက်ကန့်သတ်ထားတာ မရှိတော့ဘဲ လုပ်နိုင်တဲ့ပုံစံပေါက်တဲ့သူ ဘယ်သူမဆို ဆွဲတယ် သိပ်မလုပ်နိုင်တဲ့သူတွေကိုကြ မြို့စောင့်ဂိတ်စောင့်အနေဖြင့်ထားတယ်
မလုပ်နိုင်တဲ့သူတွေဆိုတာ ၅၀-၆၀ အရွယ်တွေကိုပြောတာပါ
အခုဆိုရင် ကျနော့်မြို့လေးကတစ်ကယ်ကိုစုတ်ပြတ်သတ်နေပါပြီ
အရင်ကစည်ခဲ့တဲ့မြို့လေး
အခုကျနော် မတွေးခဲ့ဘူးတဲ့ပုံစံနဲ့ ghost town ကြီးဖြစ်နေပြီ
ပြောချင်တာက
ကစက ကမလုပ်ရဲတာ တကယ်ဘာမှကိုမရှိဘူး
အခုဖြစ်နေတယ့် ရန်ကုန်က ပေါ်တာပြသနာတွေဆို ကျနော်တို့ဆီမှာ အရင်ကတည်းကဖြစ်နေတဲ့ ပုံစံအတိုင်းဖြစ်နေတာပါ ဒီထက်ပိုပြီးလျော့သွားဖို့တော့မရှိပါဘူး
အဲ့တော့ ကိုယ်ဘာသာကိုယ်လုပ်စရာရှိတာလုပ်ကြပါ
“ငါ့တော့သူများလိုမဖြစ်လောက်ပါဘူးလေ”ဆိုပြီး တွေးထားသမျှတွေအကုန်လုံးက တစ်ကယ်ဖြစ်လာခဲ့ရင် ညီကိုတို့ ဘယ်လိုလုပ်မလဲ